မောင့်ဘ၀က
မိန်းကလေးတိုင်း
မယုံစားဝံ့
မတွေးတောရဲကာ
ချစ်ရေးမဆို
နှုတ်ဖျားမလွယ်ခဲ့ပါ.....
သိုသိပ်ထားကာ
ရင်ခုန်စွာဖြင့်
သစ္စာဆိုဝံ့
မေတ္တာကွန့်ကာ
သံယောဇဉ်ကြိုး
ရစ်ပတ်တိုးရွေ့
ချည်နှောင်ခိုင်စွာ
ထွေးပွေ့လို၏...........ချစ်သူရယ် ။ ။
တပ်ကြပ်ကြီး/စာရေး
ဖြိုးဟန်ကျော်
No comments:
Post a Comment